ဘန်ကောက် - ပတ္တရား
English French German Russian

ဘန်ကောက် - ပတ္တရား

(၄ညအိပ် ၅ရက်ခရီးစဉ်)

 

bkk-pat01bkk-pat02bkk-pat03bkk-pat04

( ၁ ) စုရပ်ဖြစ်သော ရန်ကုန်လေဆိပ်မှ ဘန်ကောက်သို့ ထွက်ခွာပြီး သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိပါမည်။ ထိုမှတစ်ဆင့် ဟိုတယ်တွင် ဝင်ရောက် အနားယူပြီး  ဘန်ကောက် မြို့၏ အထင်ကရ နန်းတော်နှင့် ဝတ်ပြုဘုရားကျောင်းများ စုဝေးရာဖြစ်သော The Grand Palace နန်းတော်သို့ သွားရောက်ပြီး မြဘုရားအား သွားရောက် ဖူးမြှော်ပါမည်။ တော်ဝင်နန်းတော်အား လည်ပတ်ပြီးနောက် ထိုင်းနိုင်ငံ၏ ထင်ရှားလှသော ဧရာမလျောင်းတော်မူရုပ်ပွား တော်ကြီးနှင့် ထိုင်းရိုးရာ အနှိပ်ပညာတို့ပို့ချရာ ကျောင်းတော်ကြီး တည်ရှိရာ Wat Po သို့ လည်ပတ်ကြပါမည်။ ထို့နောက် နေ့လည်စာ သုံးဆောင်ကြပါမည်။ ထိုနေရာမှ ကြီးကျယ် ခမ်းနားသော စာလုံးကြီးများဖြင့် ကျောက်ဖရားမြစ် Choo Phraya River ဟုရေးထိုး ထားပြီး အမြီးရှည်လှေကြီးများဖြင့် ကျောက်ဖရားမြစ် တစ်လျောက်လှေစီးကာ ခမ်းနားလှသော ဘန်ကောက်မြို့၏ လူနေမှုဘဝများနှင့် ဘန်ကောက်မြို့ကို မတူညီသောရှုထောင့် မှကြည့်ရှုခံစား ရမည်ဖြစ်ပါသည်။

 

များမကြာမီ ပင်မမြစ်ကြောင်းမှ ထွက်ခွာလာပြီး ဖြေးညှင်းစွာ စီးဆင်းနေသော  ရေလတ်ကြားဖြစ်သည့်  Thonbun  သို့ ရောက်ရှိမည်ဖြစ်ပြီး ကျဉ်းမြောင်းသော တူးမြောင်း ရှည်တစ်လျောက်၌ ဘန်ကောက်မြို့၏ သာမန်လူနေမှု ဘဝကို သိရှိ ခံစားရမည်ဖြစ်ပါသည်။ သင်္ဘောပေါ်မှ ဆင်းသက်ပြီးနောက် ဖယ်ရီဖြင့် မြစ်ကြောင်းကိုဖြတ်၍ ဘန်ကောက်မြို့၏ အထင်ကရ အထိမ်းအမှတ် ဘုရားကျောင်း Wat Arun သို့ သွားရောက် လည်ပတ်ပါမည်။ ထိုနေရာမှ ဧည့်သည်များအားလုံး  ဘုရားကိုအနီးကပ်ဖူးမြှော်ပြီး အထက်ဆင့်သို့တက် ရောက်ခါ ကျောက်ဖရားမြစ်၏ အလှကို အထက်စီးမှ ကြည်နူးဖွယ် ရှုမြင်ခံစားရမည်ဖြစ်ပါသည်။ ပြီးလျှင် Baiyok Sky အဆောက်အဦးသို့ လည်ပတ်ပြီး ညစာကို ထိုနေရာတွင် သုံးဆောင်ပြီး ဘန်ကောက်မြို့တွင်ရှိသော ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

( ၂ ) နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး ကမ္ဘာကျေ် Damnoen Sadauk   ရေပေါ်ဈေးသို့ သွားရောက် လည်ပတ်ပါမည်။ ဈေးသို့ သွားရောက် လည်ပတ်ရာလမ်း၌  Mae Klong Train Market အနီး၌ ရပ်နားကြမည်ဖြစ်ပြီး ထိုနေရာတွင် လမ်းဘေး ဈေးသည်များသည် ရောင်းချသော ကုန်ပစ္စည်းများကို အသုံးပြုနေစဲဖြစ်သော ရထားလမ်းကို ဖြတ်ကာ တည်ခင်းထားသည်ကို တွေ့ရှိရပါမည်။ ရေပေါ်ဈေးရှေ့တွင် ခေတ္တရပ်နားပြီး  အိမ်တွင်း စက်မှုလုပ်ငန်း အသေးစားဖြစ်သော ထန်းလျက်ထုတ် လုပ်ငန်းကို လေ့လာရပါမည်။ ထို့နောက် ရေပေါ်ဈေးသို့ သွားရောက် လည်ပတ်ပြီး ရေပေါ်ဈေးတွင် ဧည့်သည်များကို ဈေးခေါ် မိတ်ဆက်နေသော ဈေးသည်များ လှေလှော်ခတ်လျက် သွားလာနေကြသည်ကို  တွေ့နိုင်ပြီး မိမိတို့ ဝယ်လိုရာလှေများကို ရွေးချယ်ကာ ခေါ်ယူဝယ် မည်ဖြစ်ပါသည်။

 

နောက်ထပ် လည်ပတ်မည့် နေရာဖြစ်သော "Rose Garden" သို့ သွားရောက်လည်ပတ်ကာ ထိုနေရာတွင် နေ့လည်စာ ဘူဖေးသုံးဆောင် ရမည်ဖြစ်ပြီး ထိုင်းရိုးရာ ဂန္တဝင်အကများ အပါအဝင် ယဉ်ကျေးမှု ပြပွဲများကိုလည်း ရှုမြင်ခံစားရမည်ဖြစ်ပါသည်။ ထို့ပြင်ထိုင်းရိုးရာ လက်ဝှေ့ ၊ ရိုးရာ လက်ထပ်မင်္ဂလာအခမ်းအနား ၊ မြောက်များလှစွာသောထိုင်းယဉ်ကျေးမှုပွဲတော်များ ၊ ထိုင်းအကလှများနှင့် သရုပ်ဖော် တင်ဆက်မှုများကို ကြည့်ရှုရပါမည်။

 

ဘန်ကောက်မြို့သို့ ပြန်လာရာလမ်းတွင် ညစာအတွက် 'Local Thai Restaurant' ၌ သုံးဆောင်ရင်း ထိုင်းဂန္တဝင် အကအလှများကို ထပ်မံကြည့်ရှုခံစားရပါမည်။ ထို့နောက်  ဘန်ကောက်ရှိ ဟိုတယ်သို့ပြန်လာ၍ အနားယူအိပ်စက်ရပါမည်။

 

bkk-pat05bkk-pat06bkk-pat07
( ၃ )   နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ပတ္တရားသို့ သွားရောက်လည် ပတ်ပါမည်။ ပထမဦးဆုံး လည်ပတ်ရမည့် နေရာများမှာ နှစ်သန်းပေါင်းများစွာ သက်တမ်း ရှိသော ကျောက်တုံးများ စုဝေးပြသထားသော ပန်းခြံနှင့် ပတ္တရားမိကျောင်း ဥယျာဉ်တို့ ဖြစ်ပါသည်။ မိကျောင်းဥယျာဉ်တွင် စိတ်လှုပ်ရှားဖွယ်ရာ မိကျောင်းပြပွဲများကိုလည်း ကြည့်ရှုခံစားရမည်ဖြစ်ပါသည်။ ဆက်လက်၍ ယဉ်ကျေးမှုဆိုင်ရာပြပွဲများနှင့် ရှုမျှော်ခင်းများ တည်ရှိရာ ဥယျာဉ်ဖြစ်သည့် Suan Nong Nooch သို့သွားရောက် လည်ပတ်ပါမည်။

နေ့လည်စာစားရမည့် အစီအစဉ်မှာ ဤနေရာသို့ လည်ပတ်သည့် ခရီးစဉ်တွင် ပါဝင်ပါမည်။ ညနေပိုင်းတွင် ညစာသုံးဆောင်ပြီးနောက် အပန်းဖြေလမ်းလျှောက်နိုင်ရန် Pattya Walking Street သို့ ပို့ဆောင်ပေးပြီး ဟိုတယ်သို့ပြန်လာကာ အိပ်စက်အနားယူပါမည်။

( ၄ )   နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် သန္တာကျွန်းခေါ် Koh Lan သို့ လှေဖြင့်သွားရောက်လည်ပတ်ပါမည်။ သန္တာကျွန်းသို့သွားရာလမ်းတွင် ဧည့်သည်များ၏ ရွေးချယ်ခွင့်အနေဖြင့် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် လမ်းလျောက်ခြင်း(သို့ )လေထီး ဝတ်စုံဝတ်ဆင်လျက် လှေနောက်မှဆွဲ၍ လိုက်ပါစီးနင်းပြီး ရေပြင်ပေါ်မှလေထဲသို့ မြောက်တက် သွားရသည့်အရသာကို ရင်ခုန်စိတ်လှုပ်ရှားစွာခံစားနိုင်သော ရွက်လွှင့်အားကစားနည်း တစ်မျိုးကိုလည်း ခံစားနိုင်ပါသည်။ နေ့လည်စာကို ကမ်းခြေရှိ စားသောက်ဆိုင်တွင် သုံးဆာင်ပြီးနောက် ရေကူးခြင်း (သို့မဟုတ်) နေစာလှုံခြင်း၊ နေရောင်အောက်တွင် ရေစိမ်ခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ ညနေပိုင်းတွင် ပတ္တရားသို့ ပြန်လည်ထွက်ခွာပြီး ညစာကို Alcazar တွင် သုံးဆောင်ရင်း ထိုင်းရိုးရာအနုပညာရှင်များ၏ ကပြ ၊ သီဆိုဖျော်ဖြေတင် ဆက်မှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ပါသည်။ ထို့နောက် ဟိုတယ်သို့ပြန်လာကာ အိပ်စက်အနားယူပါမည်။

( ၅ )   နံနက်စာအား ဟိုတယ်တွင် သုံးဆောင်ပြီး ဘန်ကောက်နိုင်ငံ တစ်ကာလေဆိပ်သို့ ထွက်ခွာပါမည်။ ထိုမှတစ်ဆင့် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။

 inquiry

 

Contact Us

Address  : 
No.66,Room(301),Thumingalar Street,Thingangyun Township, Yangon, Myanmar. 
Phone  :
(+95-1) 8566713, (+95-1) 8566714
Fax  :
(+95-1) 8566714
Email  :
info@minnkyansitt-travels.com,
sales@minnkyansitt-travels.com,
reservations@minnkyansitt-travels.com
Skype  :
mkstravels
Website  :
www.myanmartourplanner.com,
www.minnkyansitt-travels.com


Minn Kyan Sitt Group Of Companies

  • Public Image Journal
  • Minn Kyan Sitt Construction Company Limited
  • Minn Kyan Sitt Trading Company Limited
  • Minn Kyan Sitt Travels and Tours


photo-gallery

Member In: umtamtfmoht
Our Partner: ttmitb-logo-02hcmc
visamaster