ဘန်ကော် - ဖူးခတ်
English French German Russian

ဘန်ကောက် - ဖူးခတ်

(၄ညအိပ် ၅ရက်ခရီးစဉ်)

 

bkk-phu01bkk-pat01bkk-phu02bkk-phu03
( ၁ )     စုရပ်ဖြစ်သောရန်ကုန်လေဆိပ်မှ ဘန်ကောက်သို့ထွက်ခွာပြီး (သုဝဏ္ဏဘူမိ) လေဆိပ်သို့ ရောက်ရှိပါမည်။ ထိုမှတစ်ဆင့် ဟိုတယ်တွင်ဝင်ရောက်အနားယူပြီး  ဘန်ကောက်မြို့၏ အထင်ကရနန်းတော်နှင့် ဝတ်ပြုဘုရားကျောင်းများစုဝေးရာဖြစ်သော The Grand Palace နန်းတော်သို့သွားရောက်ပြီး "မြဘုရား" အားသွားရောက်ဖူးမြှော် ပါမည်။ တော်ဝင်နန်းတော်အားလည်ပတ်ပြီးနောက် ထိုင်းနိုင်ငံ၏ထင်ရှားလှသော  ဧရာမလျောင်းတော်မူရုပ်ပွားတော်ကြီးနှင့် ထိုင်းရိုးရာအနှိပ်ပညာတို့ ပို့ချပေးသော ကျောင်းတော်ကြီးတည်ရှိရာ Wat Po သို့လည်ပတ်ကြပါမည်။

ထို့နောက် နေ့လည်စာ သုံးဆောင် ကြပါမည်။ ထိုနေရာမှ ကြီးကျယ်ခမ်းနားသော  စာလုံးကြီးများဖြင့် ကျောက်ဖရားမြစ် Choo Phraya River  ဟု ရေးထိုးထားပြီး အမြီး ရှည်လှေကြီးများဖြင့် ကျောက်ဖရားမြစ်တစ်လျောက် လှေစီးကာ ခမ်းနားလှသော ဘန်ကောက်မြို့၏ လူနေမှုဘဝများနှင့် ဘန်ကောက်မြို့ကို မတူညီသောရှုထောင့်မှ ကြည့်ရှုခံစားရမည် ဖြစ်ပါသည်။ များမကြာမီ ပင်မမြစ်ကြောင်းမှ ထွက်ခွာလာပြီး ဖြေးညှင်းစွာ စီးဆင်းနေသော ရေလတ်ကြားဖြစ်သည့် Thonbun သို့ ရာက်ရှိမည်ဖြစ်ပြီး ကျဉ်းမြောင်း သောတူးမြောင်းရှည် တစ်လျောက်၌ ဘန်ကောက်မြို့၏ သာမန်လူနေမှုဘဝကို သိရှိခံစား ရမည်ဖြစ်ပါသည်။ သင်္ဘောပေါ်မှဆင်းသက်ပြီးနောက် ဖယ်ရီဖြင့်မြစ်ကြောင်းကိုဖြတ်၍ ဘန်ကောက်မြို့၏ အထင်ကရ အထိမ်းအမှတ်ဘုရားကျေင်း Wart Arun ဗမကညသို့သွားရောက် လည်ပတ်ပါမည်။ ထိုနေရာမှ ဧည့်သည်များအားလုံး ဘုရားကိုအနီးကပ်ဖူးမြှော်ပြီး အထက်ဆင့်သို့ တက်ရောက်ကာ ကျောက်ဖရားမြစ်၏အလှကို အထက်စီးမှ ကြည်နူးဖွယ် ရှုမြင်ခံစားရမည်ဖြစ်ပါသည်။ ပြီးလျှင် Baiyok Sky အဆောက်အဦးသို့လည်ပတ်ပြီး  ညစာအား Silom Village တွင်သုံးဆောင်ပြီး ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။
( ၂ )    နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး ပထမဆုံးအနေဖြင့် တစ်ချိန်ကအာရှ၏ အကြီးကျယ်ဆုံး Shopping Mall များထဲမှတစ်ခုဖြစ်သော Maboonkrong ခေါ် MBA Centre သို့သွားရောက် လည်ပတ်ပါမည်။MBK Centre Siam Paragon Shopping Mall နှင့် Siam Discovery တို့ကိုချိတ်ဆက်ထားပါသည်။ ခရီးသည်များအားလုံး Thailand First 4D Theater နှင့်အတူ Siam Ocean World သို့လည်ပတ်ရန် MBK မှလမ်းလျှောက်ရပါမည်။ ပြီးလျှင်အရှေ့တောင်အာရှ၏ အကြီးဆုံးဖြစ်သော ရေအောက်ကမ္ဘာသို့လည်ပတ်ပြီးနောက် ကမ္ဘာကျော်နာမည်ကြီး တံဆိပ်များစုဝေးရာ  Shopping Mall သို့သွားရောက်လည်ပတ်ပါမည်။

ပြီးနောက် ထိုင်းနိုင်ငံ၏ ထိပ်တန်း Hypermarket တစ်ခုဖြစ်သော Big C အနီးတွင် လည်ပတ်ရမည်ဖြစ်ပြီး ညစာကို Asiatique Riverfront တွင်သုံးဆောင်ရမည်ဖြစ်ပါသည်။ ထို့နောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

 

bkk-phu04bkk-phu05bkk-phu06
( ၃ ) နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး ဖူးခတ်သို့လည်ပတ်ရန်  Donmaung( ဒွန်မောင်း ) လေဆိပ်သို့ထွက်ခွာပါမည်။ ထို့နောက် ဖူးခတ်နိုင်ငံတစ်ကာ လေဆိပ်သို့ ရောက်ရှိပြီး နေ့လည်စာကို ဒေသတွင်းရှိအထင်ကရစားသောက်ဆိုင်တွင်တည်ခင်းဧည့်ခံ ပါမည်။ ပြီးလျှင်တည်းခိုမည့်ဟိုတယ်သို့ ပို့ဆောင်ပေးပါမည်။ ခရီးသည်များ၏တစ်နေ့ တာကို ကမ်းခြေတွင်လွတ်လပ်စွာ အပန်းဖြေအနားယူနိုင်ပါမည်။

( ၄ )   နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး Phi Phi ကျွန်းသို့ရေကြောင်းခရီးဖြင့် သွားရောက်လည်ပတ်ပါမည်။ လှည့်လည်ကြည့်ရှုခြင်းအနေဖြင့် Phi Phi Ley Island, Maya bay, Ao Loh Samah, Ao Pileh, သန္တာပင်လယ်ကမ်းခြေမှ Swimming Snorkeling နေရာများသို့ လည်ပတ်ကြည့်ရှုပါမည်။ ထို့နောက် 14:30 ဝန်းကျင်ခန့် တွင် (Phi Phi Don ကျွန်းပေါ်ရှိ ) Tonsai Bay မှထွက်ခွာပြီး 16:30 တွင်Phuket Pier သို့ရောက်ရှိပါမည်။ ပြီးလျှင်ညစာသုံးဆောင်ပြီး ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။

( ၅ )   နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် ဖူးခတ်နိုင်ငံတစ်ကာလေဆိပ်မှ မြန်မာပြည်သို့ ပြန်လည်ထွက်ခွာလာမည်ဖြစ်ပါသည်။

 inquiry

Contact Us

Address  : 
No.66,Room(301),Thumingalar Street,Thingangyun Township, Yangon, Myanmar. 
Phone  :
(+95-1) 8566713, (+95-1) 8566714
Fax  :
(+95-1) 8566714
Email  :
info@minnkyansitt-travels.com,
sales@minnkyansitt-travels.com,
reservations@minnkyansitt-travels.com
Skype  :
mkstravels
Website  :
www.myanmartourplanner.com,
www.minnkyansitt-travels.com


Minn Kyan Sitt Group Of Companies

  • Public Image Journal
  • Minn Kyan Sitt Construction Company Limited
  • Minn Kyan Sitt Trading Company Limited
  • Minn Kyan Sitt Travels and Tours


photo-gallery

Member In: umtamtfmoht
Our Partner: ttmitb-logo-02hcmc
visamaster