ထိုင်း - ဘန်ကောက်
English French German Russian

ထိုင်း - ဘန်ကောက်

(၃ညအိပ် ၄ရက်ခရီးစဉ်)

 

thai-01thai-02thai-03thai-04
( ၁ ) စုရပ်ဖြစ်သော ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘန်ကောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပါမည်။ လေဆိပ်မှတစ်ဆင့် ဟိုတယ်တွင် Check-in ဝင်ပြီးနောက် Calypso Show များရှိရာ Asiatique the Reverfront သို့ လည်ပတ်ပို့ဆောင်ပေးပါမည်။ နာမည်အမျိုးမျိုးဖြင့် ပျော်ပွဲစားရုံများ ၊ ကမ္ဘာတစ်ဝန်းရှိထင်ရှားသောဖျော်ဖြေရေးပွဲများ မရေမတွက်နိုင်အောင် များပြားလှသည်ကို မြင်တွေ့ရမှာဖြစ်ပြီး Calypso တွင်တွေ့ရခဲသော အရည်အချင်း စွမ်းရည်ပြပွဲများနှင့် ထိုင်းနိုင်ငံ Gender ပြောင်း အနုပညာရှင်တို့၏ ဖျော်ဖြေတင်ဆက်မှုများကို မြင်တွေ့ရမှာဖြစ်ပါသည်။ ထိုသို့လည်ပတ်ပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
( ၂ )   နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ပထမဆုံးအနေဖြင့် အမြီးရှည်လှေများ စီးရန်အတွက် လှေဆိပ်သို့ ဆင်းသက်ပါမည်။ ထို့နောက် ထိုင်းနိုင်ငံ၏မြောက်များ လှစွာသော အိမ်များနှင့် ဘုရားကျောင်းများအနီးမှ ဖြတ်သန်းသွားသော ထိုင်းနိုင်ငံ၏  အကြီးဆုံးကျောက်ဖရားမြစ်အတွင်း လှုပ်ရှားသွားလာနေကြသော လူနေမှုဘဝများကို  လေ့လာတွေ့ရှိရပါမည်။ ထို့နောက် ရောင်နီဦးဘုရားကျောင်း၌ ခေတ္တရပ်နားပါမည်။ ဆက်လက်ပြီး ဘန်ကောက်၏တစ်ဖက်ကမ်းရှိ လည်ပတ်စရာဖြစ်သော Wat Pho တော်ဝင်မိသားစုများ နေထိုင်ရာ နန်းတော် Grand Palace ရှိထိုင်းနိုင်ငံ၏ အဖိုးတန်ဆုံး  ဗိသုကာလက်ရာဖြစ်သော မြဘုရားတည်ရှိရာ Wat Phra Keaw နေရာများသို့  လည်ပတ်ပြီး ဘန်ကောက်မြို့ရှိ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
( ၃ )    နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး ရေပေါ်ဈေး Damnen Floating Market နှင့်ထိုင်းရွာများသို့ အမြီးရှည်လှေကြီးများစီးပြီး လည်ပတ်ပါမည်။ (ရွေးချယ်မှုအနေဖြင့် လက်လှော်လှေများဖြင့်လည်း လည်ပတ်နိုင်ပါသည်။ ) ရေပေါ်ဈေးမှ ထွက်ခွာပြီးနောက် ကန်ချာနာပူရီKanchanaburi သို့ သွားရောက်လည်ပတ်ပါမည်။ ထိုနေရာတွင်ွှ့The Don Rack Cemetery  ၊ The Jeath Museum Kwai မြစ်ကူးတံတားများသို့ သွားရောက် လည်ပတ်ပါမည်။ ဆက်လက်၍ ဆင်ကျောပေါ်တွင် လိုက်ပါစီးနင်းရသော အတွေ့အကြုံကို ခံစားနိုင်ရန်အတွက် ကန်ချာနာပူရီဆင်စခန်းသို့ ပို့ဆောင်ပေးပြီး ဟိုတယ်သို့ ပြန်လာပြီး တစ်ညတာ အိပ်စက်အနားယူပါမည်။

( ၄ )   နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး ဘန်ကောက်နိုင်ငံတစ်ကာ လေဆိပ်မှ မြန်မာပြည်သို့ပြန်လည်ထွက်ခွာလာပါမည်။

 

 inquiry

Contact Us

Address  : 
No.66,Room(301),Thumingalar Street,Thingangyun Township, Yangon, Myanmar. 
Phone  :
(+95-1) 8566713, (+95-1) 8566714
Fax  :
(+95-1) 8566714
Email  :
info@minnkyansitt-travels.com,
sales@minnkyansitt-travels.com,
reservations@minnkyansitt-travels.com
Skype  :
mkstravels
Website  :
www.myanmartourplanner.com,
www.minnkyansitt-travels.com


Minn Kyan Sitt Group Of Companies

  • Public Image Journal
  • Minn Kyan Sitt Construction Company Limited
  • Minn Kyan Sitt Trading Company Limited
  • Minn Kyan Sitt Travels and Tours


photo-gallery

Member In: umtamtfmoht
Our Partner: ttmitb-logo-02hcmc
visamaster