ဗီယက်နမ် - ဟိုချီမင်း
English French German Russian

ဗီယက်နမ် - ဟိုချီမင်း

(၄ညအိပ် ၅ရက်ခရီးစဉ်)

 

vietnum-01vietnum-02vietnum-03vietnum-04
(၁) စုရပ်ဖြစ်သော ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Sai Gon နိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိပါမည်။ ထိုမှတစ်ဆင့် တည်းခိုရမည့် ဟိုတယ်သို့ပို့ဆောင် ပေးပါမည်။ ဟိုတယ်တွင် အနားယူပြီး Ben Thah ဈေးသို့လည်ပတ်ခြင်း သို့မဟုတ် မြို့လည်တခွင် လမ်းလျှောက်လည်ပတ်ခြင်း အစီစဉ်များကို ခရီးသည်များစိတ်ကြိုက် ပြုလုပ်နိုင်ပြီး ညစာကို စားချင်စဖွယ် ဟင်းလျာများဖြင့် Sai Gon ရှိစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
(၂)   နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ဗီယက်နမ်လွတ်လပ်ရေးလုပ်ရှားမှု ကာလအတွင်း မျိုးချစ်ဗီယက်နမ်စစ်သားများ တည်ဆောက်ခဲ့သော မယုံနိုင်ဖွယ် မြေအောက် ကွန်ယက်ကြီးဖြစ်သော နာမည်ကျော် Cu Chi Tunnel ဥမင်လှိုဏ်ခေါင်းသို့ လည်ပတ်ပါမည်။ (ထိုဥမင် လှိုဏ်ခေါင်းအတွင်းတွင် ဆေးရုံ၊ လူနေထိုင်ရန် အဆောက်အဦး၊ ကျောင်းတို့တည်ရှိပြီး အမေရိကန်စစ်ပွဲကာလအတွင်း ဗီယက်နမ်တပ်သားများ စစ်အခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးပြုခဲ့ရာနေရာလည်း ဖြစ်ပါတယ် )။ ထို့နောက် နေ့လည်စာစားရန် Saigon သို့ ပြန်လာပါမည်။  နေ့လည်စာသုံးဆောင်ပြီးWar Museum  Reunification Palace , Notre Dame Cathedral , Old Sigon Post Office နေရာများသို့လည်ပတ်ရပါမည်။ လည်ပတ်ပြီးနောက် ညစာသုံးဆောင်ရပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟနွိုင်းသို့သွားရန် Tan Son Nhat လေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ ဟနွိုင်းရှိ Halong Bay လေဆိပ်သို့ရောက်ရှိပြီး တည်းခိုမည့်ဟိုတယ်သို့ သွားရောက်  ပြီး တစ်ညတာအိပ်စက် အနားယူရပါမည်။
(၃)   နံနက်စာကိုဟိုတယ်တွင် သုံးဆောင်ပြီးနောက်  ဟနွိုင်းမှကားဖြင့် Halong သို့သွားရောက်ပါမည်။ လမ်းခရီးတစ်လျှောက်တွင်မြစ်နီမြစ်ဝကျွန်းပေါ် ရှိလယ်မြေများ၊ စပါးခင်းများ ၊ ကျွဲနွားများနှင့် ဗီယက်နမ်ကျေးလက်လူနေမှု ဘဝရှုခင်းများကို ရှုမြင်ခံစားနိုင်ပါမည်။ Halong သို့ရောက်လျင် ရိုးရာရွက်လှေစီးပြီး လတ်လတ်ဆတ်ဆတ် ပင်လယ်စာများကို သုံးဆောင်ရပါမည်။ ထို့နောက်တက်လှော် လှေလေးများ စီးပြီး Luon ဂူကိုလည်ရပါမည်။ ခရီးသည်များ Halong Bay ၏ မည်သည့် နေရာတွင်မဆို စိမ်းလန်းကြည်လင်တဲ့ ရေရရှိနိုင်ပြီး ပျော်ရွှင်စွာ ရေကူးအပန်းဖြေ နိုင်ပါမည်။ ညနေပိုင်းတွင် အရသာရှိတဲ့ ညစာစားရင်း နေဝင်ဆည်းဆာအလှကို ခံစား၍ ထိုတစ်ညတာကို လှေပေါ်တွင် ဖြတ်သန်းရမှာဖြစ်ပါတယ်။

 

vietnum-05vietnum-06

(၄)   နံနက်ပိုင်းတွင် Trung Nguyen ဟုခေါ်သည့် ဗီယက်နမ် နာမည်ကြီး လတ်လတ်ဆတ်ဆတ် Espresso ကော်ဖီသောက်ရင်း နေထွက်ချိန်အလှကို ကြည့်ရူရပါမည်။ ပြီးလျှင် နံနက်စာသုံးဆောင်ပြီး ရှုခင်းကောင်းသောနေရာတစ်ခုဖြစ်တဲ့   Surprise  Grotto ၊ ကျွန်းပေါ်ကBo Nau Cave ဂူနှင့် Baitulong ကို လည်ပတ်ရပါမယ်။ ပြီးရင်လှေမှ Check-out လုပ်ပြီး Halong City ကို ပြန်လာပါမည်။ ထိုမှတစ်ဆင့် Hanoi ကို ကားဖြင့်ပြန်လာပြီး ဟိုတယ်တွင်အနားယူရပါမည်။ ညပိုင်းတွင် ညစာသုံးဆောင်ပြီး ရုပ်သေးပွဲကိုကြည့်ရှုလျက်တစ်ညတာကို Hanoi မှာအိပ်စက်ရပါမယ်။

(၅)  ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် နံနက်ပိုင်း အချိန်တိုအတွင်းတွင်- ဟိုချီမင်း ဂူဗိမ္မာန်၊ ပြတိုက်၊ နေအိမ်အပါအဝင် ပတ်ဝန်းကျင်ရှုခင်းများကို သွားရာက်လေ့လာပြီးနောက် Sai Gon နိုင်ငံတကာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာပါမည်။

 

 ပါဝင်သောဝန်ဆောင်မှုများ
လေယာဉ်လက်မှတ်အသွားအပြန်- Tour Leader - စားစရိတ်
ဟိုတယ် - ကားခ - ဝင်ကြေး - Guide

 

 inquiry

Contact Us

Address  : 
No.66,Room(301),Thumingalar Street,Thingangyun Township, Yangon, Myanmar. 
Phone  :
(+95-1) 8566713, (+95-1) 8566714
Fax  :
(+95-1) 8566714
Email  :
info@minnkyansitt-travels.com,
sales@minnkyansitt-travels.com,
reservations@minnkyansitt-travels.com
Skype  :
mkstravels
Website  :
www.myanmartourplanner.com,
www.minnkyansitt-travels.com


Minn Kyan Sitt Group Of Companies

  • Public Image Journal
  • Minn Kyan Sitt Construction Company Limited
  • Minn Kyan Sitt Trading Company Limited
  • Minn Kyan Sitt Travels and Tours


photo-gallery

Member In: umtamtfmoht
Our Partner: ttmitb-logo-02hcmc
visamaster